Posts

Showing posts from March, 2018
Image
နေ့စဉ်အမျိုးသမီးများ၏ရင်သားကို ဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို၅နှစ်ပိုရှည်စေနိုင် Posted on   နေ့စဉ်အမျိုးသမီးများ၏ ရင်သားကို ဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏ သက်တမ်းကို ၅နှစ်ပိုရှည်စေ နိုင်တယ်လို့ ဂျာမန်သုတေသီများ၏ NewEngland Journal of Medicine တွင်တင်ပြချက်အရ အမျိုးသမီးများ၏ရင်သားများကိုအမျိုးသားများနေ့ စဉ်စိုက်ကြည့်ပေးပါက အသက်ရှည်စေကြောင်းသိရသည်။ ၁၀ မိနစ်စိုက်ကြည့်ပါက အားကစားရုံတွင် မိနစ်၃၀ ခန့်အားကစားလုပ်ခြင်းနှင့်ညီကြောင်း ဒေါက်တာ Karen Weatherbyကပြောကြားခဲ့သည်။ဤသို့ပေါက်ပေါ က်ရှာရှာ စူးစမ်းမှုကို အသင်းဖွဲ့၍ဒေါက်တာ Karen Weatherby ကဦးဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့ အဖွဲ့သည်ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ ရှိ အမျိုးသား၂၀၀ နှင့် သုတေသနပြုခဲ့ခြင်း ဖစ်သည်။ ၄င်းတို့အထဲမှ တစ်ဝက်ကို နေ့စဉ်ကြည့်ခိုင်းပြီး တစ်ဝက်ကို သေချာရှောင်ကြဉ်ခိုင်းထားပြီး လေ့လာ ခဲ့ကြသည်။ ငါးနှစ်ကြာသောအခါ နေ့စဉ်သေချာစိုက်ကြည့်ခဲ့သော အမျိုးသားများသည် မကြည့်သူများထက် သိသာခြားနားစွာ သွေးဖိအားအတက်အကျရောဂါကင်းဝေးခြင်း၊သွေးခုန်နှုန်းမှန်ကန်ခြင်းနှင့် လေဖြတ်ခြင်း၊နှလုံးသွေးကြောကျဉ်းရောဂါအန
Image
" ပြိတ္တာဖြစ် ဈေးရောင်းနည်း " ================= မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ဈေးသည်အမျိုးသမီး လေးယောက် ရှိပါတယ် ။ သူတို့ရဲ့ဈေးရောင်းမှုဟာ မှန်ကန်မှု မရှိပါဘူး ။ အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့ နည်းတွေနဲ့ ရောင်းတော့ စီးပွားရေးတွေက ခဏလေးနဲ့ တိုးတက်သွားပြီး ခြံကြီး ၊ အိမ်ကြီးတွေနဲ့ ဖြစ်ကုန်ကြတယ် ။ အဲဒီအမျိုးသမီးလေးယောက်ဟာ စီးပွားရေးတွေ အဆင်ပြေဆဲ ကာလမှာပဲ အကြောင်း မယ်မယ်ရရ မရှိပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြတယ် ၊ ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့ ကျုံးမြို့ရဲ့ အပြင်ဘက်နားမှာ ဗြိတ္တာမတွေ သွားဖြစ်ပါသတဲ့ ။ လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျား လေးယောက်က မကြာခင်မှာ ဇနီးငယ်တွေ ကောက်ယူပြီး သူတို့ရှာဖွေခဲ့တဲ့ ပစ္စည်းတွေနဲ့ ပျော်ပျော်ပါးပါး ခံစားနေတာ တွေ့ရတော့ . . . ဗြိတ္တာဖြစ်လို့ ဆင်းရဲရတဲ့အထဲ လုပ်ရက်လေခြင်း ဆိုပြီး ပိုပြီး စိတ်ဆင်းရဲခြင်း ဖြစ်ကြရတယ် ။ ဒါကြောင့် ကျုံးအပြင်ဘက်ကနေ မြို့ထဲကလူတွေ ကြားအောင် အသံဆိုးကြီးတွေနဲ့ လှမ်း ၊ လှမ်းအော်ပါတော့တယ် ။ ဒီအကြောင်းကို မြတ်စွာဘုရားထံ မေးမြန်းတဲ့အခါ . . . မြတ်စွာဘုရားက ၊ ဒါယကာတို့  ဒီအသံဟာ သင်တို့ကို အန္တရာယ် ပြုမယ
Image
မိဘတွေကို မပြောသင့်သော စကား (၁ဝ)ခွန်း ထိုစကားများ ပြောခြင်းမှ အထူးရှောင်ကျဉ်ပါနော် ----------------------------------------------------- လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ်... တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်..... လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင် ဘာအမှားပဲလုပ်လုပ်.. သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ... သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းဖြစ်ပါတယ်။ (၁) အင်းပါ! အင်းပါ! သိပြီ...၊ အရမ်းရှုပ်တာပဲ! (၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်! မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့ (၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့